စလော့ဂိမ်းရဲ့ အစ

စလော့ဂိမ်း သမိုင်းကြောင်း အကျဥ်းချုပ်

ဒီနေ့ခေတ်မှာ စလော့ဂိမ်းဆိုတာနဲ့ နှစ်ခါရှင်းပြစရာမလိုအောင် လူတိုင်းလိုလိုသိပြီးသားဖြစ်မယ်လို့ ကျွန်တော်ထင်ပါတယ်။ အခုကျွန်တော်က အဲ့စလော့ဂိမ်း စပြီးဖြစ်ပေါ်လာတဲ့သမိုင်းကြောင်းလေးအနည်းငယ်ကို လေ့လာထားဖူးသလောက်လေး sharing လုပ်ပေးချင်ပါတယ်ခဗျ။

ပထမဦးဆုံးအနေနဲ့ စလော့စက်တွေကို စပြီးတီထွင်ခဲ့တဲ့သူ အကြောင်းအနည်းငယ်ပြောပြပေးချင်ပါတယ်။ အမေရိကန်နိုင်ငံ၊ ကယ်လီဖိုးနီးယားပြည်နယ်၊ ဆန်ဖရန်စစ္စကိုမြို့သား စက်ပြင်သမားတစ်ဦးဖြစ်တဲ့ Charles Fey ဟာ 1891 ခုနှစ်မှာ Liberty Bell လို့ ခေါ်တဲ့ စလော့စက်ကို စတင်တီထွင်ခဲ့ပါတယ်။ ဒီ Liberty Bellစလော့စက်ရဲ့ သင်္ကေတတွေအနေနဲ့ Spade, Heart နဲ့ Liberty Bell တို့ကိုအသုံးပြုထားပါတယ်။

နောက်ပိုင်းခေတ်တွေဖြစ်တဲ့ 1900 ခုနှစ် အစောပိုင်းမှာတော့ ဆုကြေးအနေနဲ့ သကြားလုံး နဲ့ဆုငွေပေးတဲ့ Operator Bell စက်များ ပေါ်ပေါက်လာပါတယ်။1960ခုနှစ်အရောက်မှာတော့  Bally Technologies က ပထမဆုံး လျှပ်စစ်သုံး စလော့ဂိမ်းစက်ကို တီထွင်ခဲ့ပါတယ်။1970-1980 အတွင်း မှာတော့ Fortune Coin Company ရဲ့ ဗီဒီယိုစလော့စက်များဟာ ခေတ်စားလာပါတယ်။1990 ကနေ ယနေ့အချိန်အထိမှာတော့ Microgaming နှင့် Cryptologic တို့က ပထမဆုံး အွန်လိုင်းစလော့ဂိမ်းများ ဖြစ်လာခဲ့ပါတယ်။

စလော့ဂိမ်း အမျိုးအစားများ

စလော့ဂိမ်းတွေမှာ Classic Slots, Video Slots, Progressive jackpot Slots ဆိုပြီး (၃)မျိုးရှိပါတယ်။ တစ်ခုချင်းစီကို အကျဥ်းချုပ်အနေနဲ့ ရှင်းပြရမယ်ဆိုရင် –

– Classic Slots [ရိုးရာ စလော့ဂိမ်း]

Classic slots တွေမှာ ပုံမှန်အားဖြင့် 3 ဘီး (reels) နဲ့ payline ၁ ခုမှ ၅ ခုအထိသာ ပါဝင်ပါတယ်။သင်္ကေတတွေကတော့ အများအားဖြင့် သစ်သီးပုံများ (ဥပမာ- ချယ်ရီ၊ သံပုရာသီး၊ စပျစ်သီး ၊ ဖရဲသီး)၊ ခေါင်းလောင်း (bell)၊ နံပါတ် 7၊ နဲ့ BAR အစရှိတဲ့ သင်္ကေတတွေ ပါဝင်လေ့ရှိပါတယ်။ ရိုးရှင်းတဲ့ ဒီဇိုင်းနဲ့ ကစားရလွယ်ကူမှုကြောင့် လူကြိုက်များပါတယ်။

-Video Slots [ဗီဒီယိုစလော့ဂိမ်း]၏

Video စလော့ဂိမ်းတွေကတော့ အခုခေတ်မှာ လူတော်တော်များများ မြင်ဖူးနေကြပါပြီ။ သူ့မှာ့တော့ အတန်း (၅)တန်း [5 Reels]ပါဝင်ပြီး သရဖူ၊ မင်းသမီးတွေ၊ Videoဇာတ်ကောင်တွေ ကို သင်္ကေတအဖြစ်နဲ့ အသုံးပြုထားပါတယ်။ ဒီဂိမ်းတွေကို ကာစီနို ရုံကြီးတွေမှာလည်းတွေ့နိုင်သလို လူတော်တော်များများရဲ့ ဖုန်းတွေထဲမှာလဲ တွေ့နိုင်နေပါပြီ။

Progressive Jackpot Slots (ပရိုဂရက်ဆစ်ဂျက်ခ်ပေါ့စလော့ဂိမ်း)

သူ့မှာတော့ ရှေ့က စလော့ဂိမ်း ၂ခုထက် ပိုကြီးတဲ့ ပိုများများရတဲ့ Jackpot စနစ်တွေပါဝင်လာပါတယ်။ သူကတော့ ကစားသမားများတဲ့ အရေအတွက်ပေါ်မူတည်ပြီး Jackpot က ပိုပိုများလာတာပဲဖြစ်ပါတယ်။ အခုနောက်ပိုင်းမှာတော့ ဒီလိုစလော့ဂိမ်းတွေကလဲ လူကြိုက်များတဲ့ အမျိုးအစား တခုအဖြစ်ပါဝင်နေပါတယ်။ဒီလို Progressive Jackpot Slots အများစုကို ကာစီနိုရုံကြီးတွေမှာ ပိုမိုတွေ့ရနိုင်ပါတယ်။

စလော့ဂိမ်းတွေဟာ ရိုးရှင်းတဲ့စနစ် ကနေ ခေတ်မီ touch screen နည်းပညာအထိ အံ့သြစရာကောင်းလောက်အောင် ပြောင်းလဲ တိုးတက်လာခဲ့ပြီးကမ္ဘာတစ်ဝှမ်းရှိ ကစားသမားများအတွက် အကြိုက်ဆုံး ကာစီနိုဂိမ်းတစ်ခုအဖြစ် ရပ်တည်နေဆဲဖြစ်ပါတယ်။

စလော့ဂိမ်းကိုဘယ်လိုကစားရမလဲ

စလော့ဂိမ်းများ (Slot Games) ဟာ ကာစီနိုရုံများနဲ့ အွန်လိုင်းကာစီနိုပလက်ဖောင်းတွေမှာ ရေပန်းစားလူကြိုက်များတဲ့ ဂိမ်းတစ်ခုဖြစ်လာပြီး ကံအပြင် ဉာဏ်လေးကိုပါ လွှာသုံးပြီးကစားရတာကြောင့် ရင်ခုန်စရာလဲကောင်းပါတယ်။ ဆ ထောင်ပေါင်းများစွာနဲ့ jackpot ဆုကြီးတွေအထိ ပြန်ပေးတတ်တာမို့လို့ လူတော်တော်များများက ဒီ စလော့ဂိမ်းတွေကို နှစ်သက်လာကြတာဆိုရင်လဲ မမှားပါဘူး။ မိတ်ဆွေတို့အနေနဲ့ ကစားတဲ့အခါမှာလဲ အလောတကြီး မကစားပဲ ကိုယ်တတ်နိုင်တဲ့ပမာဏထဲကနေ ဖြေးဖြေးချင်းကစားကြည့်ဖို့ကိုလဲ အကြံပြု တိုက်တွန်းလိုပါတယ်။

ဂိမ်းအမျိုးအစားတစ်ခုချင်းစီအလိုက် မတူညီတဲ့ဆုကြေးနှုန်းထားတွေရှိတာကြောင့် စလော့ဂိမ်းတစ်မျိုးမျိုးကိုကစားတော့မယ်ဆိုရင် အရင်ဆုံးစလော့ဂိမ်းကိုရင်းနှီးသည် အထိလောင်းကြေး(Bet Amont)ကိုပမာဏနည်းနည်းနဲ့သာစတင်ပြီးကစားသင့်ကြောင်းကိုလဲ အကြုံပါရစေ။စလော့ဂိမ်းတွေဟာ RTP ကို အခြေခံပြီး အလုပ်လုပ်တာကြောင့် အခုမှစတင်ကစားမဲ့ player များအနေနဲ့ RTP နှင့် Volatility ကို စစ်ဆေးပြီးမှ ကစားသင့်ပါတယ်။ 

စလော့ဂိမ်းတစ်ခုမှာ RTP 97% ရှိပြီး Volatility က Low Volatility (အနိမ့်)  ဖြစ်နေမယ်ဆိုရင် အခြားစလော့ဂိမ်းတွေထက် ပိုပြီး ခဏခဏ အနိုင်ရနေတာမျိုးကို ကြုံတတ်ရပြီး ဆုသေးလေးတွေ ခဏခဏပေါက်တာမျိုးကိုလဲကြုံရတတ်ပါတယ်။ အဲ့လိုပဲ RTP ကမြင့်ပြီး Volatility ကလည်း Hight Volatility(အမြှင့်) ဖြစ်တဲ့ဂိမ်းခန်းတွေမှာတော့ အချိန်ကြာကြာဆော့နိုင်ရင် အမြတ်များများရနိုင်ပေမယ့် နိုင်တဲ့အကြိမ်ရေ ဆုပေါက်တဲ့အကြိမ်ရေကတော့ အနည်းငယ်အထိ လျော့ကျသွားနိုင်ကြောင်းမှတ်သားဖူးပါတယ်။

နောက်ပြီး ကစားရန်ငွေပမာဏကိုလဲ ကြိုတင်သတ်မှတ်ထားသင့်ပါတယ် လောင်းကစားသည် ဖျော်ဖြေရေးတစ်ခုဖြစ်သောကြောင့် စွဲလမ်းမှုမဖြစ်အောင် ဂရုစိုက်ပါလို့ အသိပေးလိုက်ပါတယ်ဗျ။