အွန်းလိုင်းလောင်းကစားသည် ၂၁ ရာစု စက်မှုနည်းပညာ တိုးတက်လာမှုနှင့်အတူ အလွန်အမင်း တိုးတက်ကျယ်ပြန့် လာတဲ့ လုပ်ငန်းတစ်ခုဖြစ်ပါတယ်။ အင်တာနက်နှင့် စမတ်ဖုန်းများ တိုးတက်လာတာနဲ့အမျှ လူတို့သည်လည်း မိမိတို့နေအိမ် ကနေ တိုက်ရိုက်ပါ၀င်ကစားနိုင်ပြီး အဆင်ပြေမှုများကြောင့် ပိုမိုလူကြိုက်များပြီး ရေပန်းစားလာတာပဲဖြစ်ပါတယ်။ သို့သော် အွန်လိုင်းလောင်းကစားသည် အားလပ်ချိန် အပျင်းပြေ ဖျော်ဖြေရေးသပ်သပ်မဟုတ်တော့ပဲ လူမှုရေး၊ စီးပွားရေး နှင့် စိတ်ကျန်းမာရေး အဆင့်များတွင်လည်း ကြီးမားစွာ အကျိုးသက်ရောက်မှုရှိနေပါတယ်။
လူမှုရေး အကျိုးသက်ရောက်မှု

အွန်လိုင်းလောင်းကစားကို များများ ကစားတဲ့အခါ လူမှုရေးဆိုင်ရာ အကျိုးသက်ရောက်မှု များစွာရှိတတ်ပါတယ်။ တချို့သော နည်းပညာကျွမ်းကျင်လူငယ်များအတွက် အွန်လိုင်းလောင်းကစားသည် အလွယ်တကူ ၀င်ရောက်ကစားနိုင်ခြင်းကြောင့် အပျော်ကစားစရာတစ်ခုအဖြစ်သာ သတ်မှတ်ထားကြပါတယ်။ သို့သော် အချိန်ပိုင်းအလုပ်လုပ်နေရသူများ ၊ အချို့သော လူကြီးတွေမှာတော့ ကစားဖန်များလာတဲ့အခါမှာ စွဲလန်းမှုတစ်ခုအဖြစ်သို့ ပြောင်းလဲသွားနိုင်ပါတယ်။ ဒီလို အလွန်အမင်း ကစားတတ်တဲ့သူများမှာတော့ မိသားစုအတွင်း အိမ်တွင်းပြဿနာများဖြစ်ပေါ်လာတတ်ပြီး လူမှုဆက်ဆံရေးအပိုင်းမှာလဲ ပိုမိုချို့တဲ့သွားနိုင်တတ်တာကြောင့် သတိထားဖို့လိုအပ်ပါတယ်။
စီးပွားရေး အကျိုးသက်ရောက်မှု

အွန်လိုင်းလောင်းကစားကို စီးပွားရေးအရကြည့်လျှင် ငွေကြေးထုတ်နိုင်သည့် အကြီးမားဆုံး လုပ်ငန်းကြီးတစ်ခု ဖြစ်လာနေပြီပဲဖြစ်ပါတယ်။ တချို့သော နိုင်ငံများမှာ အွန်လိုင်းလောင်းကစားကို တရား၀င်ခွင့်ပြုပေးပြီး အစိုးရထံ အခွန်အကောက် တစ်စိတ်တစ်ပိုင်း ပြန်ပေးရပါတယ်။ဒါကတော့ နိုင်ငံအတွက် တဖက်တလှမ်းက အထောက်အကူဖြစ်စေပါတယ်။ သို့သော် အချို့သောတရားမ၀င် နိုင်ငံများတွင် အွန်လိုင်းလောင်းကစား လုပ်ငန်းနှင့် ပါ၀င်ပါတ်သက်မိပါက ငွေကြေးဆုံးရှုံးမှုများလည်း ဖြစ်ပေါ်တတ်ပါတယ်။ ကစားသူများအနေနဲ့ အလွန်အမင်း စွဲလန်းလာပါက မိမိရဲ့ နေ့စဉ်အသုံးစရိတ်ကိုပါ ထိခိုက်စေပြီး မိသားစု၏ စီးပွားရေးတွေကိုပါ အနုတ်လက္ခဏာဖြင့် သက်ရောက်စေနိုင်တာကြောင့် သတိထားပါ
စိတ်ကျန်းမာရေး အကျိုးသက်ရောက်မှု

အွန်လိုင်းလောင်းကစားကို မစွဲပါဘူးဆိုပြီး အလွန်အမင်းကစားခြငး်ကြောင့်လဲ စိတ်ကျန်းမာရေး အကျိုးသက်ရောက်မှုတွေ ဖြစ်ပေါ်စေပါတယ်။ ကစားးသူတွေဟာ အမြဲတမ်းနိုင်ရမယ်ဆိုတဲ့ မျှော်လင့်ချက်ကြောင့် စိတ်ဖိစီးမှုတွေ၊ စိတ်ပင်ပန်းမှုတွေပါ ခံစားရနိုင်ပါတယ်။ပုံမှန် အပျော်သဘောနဲ့ ကစားမယ့်ဘတ်ဂျတ်ကို သတ်မှတ်ပြီး ကစားသူတွေအတွက်က မသိသာပေမယ့် အွန်လိုင်းလောင်းကစားကို ငွေရှာဖို့ သီးသန့်ကစားသူများအတွက်တော့ သတိထားရမယ့်အချက်ပဲဖြစ်ပါတယ်။ အမြတ်တွေ မရမှီ အဆုံးရှုံးကြီးမားနိုင်တာကြောင် စိတ်ဓါတ်ကျခြင်းတွေပါဖြစ်တတ်ပါတယ်။ နည်းပညာကျွမ်းကျင်မှု နည်းပါးတဲ့သူများအတွက်တော့ အွန်လိုင်းလုံခြုံရေးထိခိုက်မှုများကြောင့် စိတ်ဖိစီးမှုတစ်ရပ် အဖြစ် ထပ်မံပေါ်ထွက်လာနိုင်တာကြောင့် အွန်းလိုင်းလောင်းကစားကို အထူးသတိနဲ့ ကစားသင့်ပါတယ်။
အွန်လိုင်းလောင်းကစားဟာ နည်းပညာတိုးတက်လာမှုကြောင့် အလွယ်တကူ နေရာတိုင်းမှာ ကစားနိုင်နေပြီပဲဖြစ်ပါတယ်။ အွန်လိုင်း ကနေ လောင်းကစားတာဟာ အကျိုးကျေးဇူးတွေ ရှိတဲ့အပြင် အထက်မှာဖော်ပြခဲ့သလို ထိခိုက်မှုတွေလဲ ရှိလာနိုင်တာကြောင့် ကစားသူများအနေဖြင့် မိမိအတွက် စွမ်းဆောင်နိုင်တဲ့ အတိုင်းအတာထဲကနေသာ ကစားသင့်ပါတယ်။ကစားချင်တဲ့သူများဟာလဲ သတိပြုရန်အချက်လေးတွေကို သေချာသိရှိထားပြီးမှ ကစားဖို့ကို အကြုံပြုတိုက်တွန်းလိုက်ပါတယ်နော်…
သတိပြုရန်အချက်များ
- မိမိအတွက် တတ်နိုင်တဲ့ ဘတ်ဂျက်ပမာဏ တစ်ခု သတ်မှတ်ပြီး ကစားရန်။
- မြန်မာနိုင်ငံရှိ ယုံကြည်စိတ်ချရသော ဂိမ်း၀က်ဆိုဒ်များတွင်သာ ကစားရန်။
- ဂိမ်း၀က်ဆိုဒ်များတွင် ပေးနေသော ပရိုမိုးရှင်းများကို လေ့လာစမ်းစစ်ကြည့်ပါ။ ဖရီးပေးနေတာရှိရင် ဖရီးနဲ့ အရင်ကစားကြည့်ပါ။
- အွန်လိုင်းလောင်းကစားကို အပျော်သပ်သပ်ဖြင့်သာ ကစားသင့်ပြီး စီးပွားဖြစ် ကစားတာမျိုး ရှောင်ကျဉ်ရန်။
- နိုင်ငံအတွင်းသတ်မှတ်ထားသော ဉပဒေ စည်းမျဉ်းများကို သတိထားလိုက်နာရန်။
- အွန်လိုင်းလောင်းကစားတော့မယ်ဆို အသိ သတိလေး ကပ်ပြီးတော့ မှ စိတ်လိုက်မာန်ပါ မကစားသင့်။

4 Responses
I’ll right away clutch your rss feed as I can not in finding your e-mail subscription hyperlink or e-newsletter service. Do you have any? Kindly permit me know so that I may subscribe. Thanks.
I visited several sites but the audio quality for audio songs current at this site is actually wonderful.
Very great post. I simply stumbled upon your weblog and wished to mention that I’ve really enjoyed browsing your weblog posts. In any case I will be subscribing to your rss feed and I hope you write once more soon!
These are genuinely impressive ideas in concerning blogging. You have touched some good things here. Any way keep up wrinting.